Events
ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးညှိနှိုင်းသည့် အစည်းအဝေးကျင်းပခြင်း
Updated At: 2025-05-20 16:15:48
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင်ကျင်းပခဲ့သည့် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင် ရေးကောင်စီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် (ဌ) ဖြစ်သည့် “ကုန်သွယ်မှု မြှင့်တင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအကြား အကြံဉာဏ်များနှင့် အတွေ့အကြုံများဖလှယ်နိုင်ရေး အစိုးရ-ပုဂ္ဂလိက တွေ့ဆုံဆွေးနွေးပွဲများနှင့် Working Level အဆင့်အစည်းအဝေးများ ပုံမှန်ကျင်းပရန်” နှင့်ပတ်သက်၍ အစည်းအဝေးကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေး ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အသင်းအဖွဲ့များမှ In person ဖြင့် ၂၈ ဦး၊ Online ဖြင့် ၂၄ ဦး၊ စုစုပေါင်း ၅၂ ဦး တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ကုန်သွယ်မှုမြှင်တင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍ အလိုက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများ၊ ကဏ္ဍများ အလိုက် ပို့ကုန်တိုးမြှင့်ရေး၊ ဈေးကွက်အသစ်ဝင်ရောက်ရေးနှင့် ပို့ကုန်အမယ်အသစ် တိုးမြှင့်တင်ပို့နိုင် ရေးအတွက် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုတိုးမြှင့်ရာတွင် တွေ့ကြုံရသည့် အခက အခဲများ ဖြေလျော့ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ကဏ္ဍများအလိုက် ပါဝင်ဆောင်ရွက်နေသည့် ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့ များအားလုံးက အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရာတွင် ဆက်လက်ပါဝင်လိုကြောင်း ဆွေးနွေးခဲ့ပြီး၊ ပို့ကုန်မြှင့်တင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်ရေး စီမံချက်များရေးဆွဲတင်ပြရန် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၂:၁၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
Event Details
- Date
- 20th May 2025
- Location
- Office No 3 Ministry of Commerce Nay Pyi Taw
- Website
- www.myantrade.gov.mm
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026